ဘလော့ပို့များကို ပြန်လည် စီစစ်ပြီး စာဖတ်သူများ ရှာဖွေရ လွယ်ကူစေရန် ဘေးဘက် မီနူးများကို ပြန်လည် ပြုပြင်နေပါတယ်။ နောင်တွင် မိမိကိစ္စကို ဘေးမီနူးတွင် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ပါသည်

အချစ်ရေး-အိမ်ထောင်ရေးနှင့် ပါတ်သက်သောယတြာများ

သက်ဆိုင်ရာ ချစ်သူနှစ်ဦး(သို့) ဇနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းများကို (နှစ်နံတွဲ ဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ် လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့ နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်း အားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ် လှိုင်းများ ပြန့်နှံ စိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနှင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး လှူဒါန်းပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက္ခ ပြဿနာများ အေးချမ်း တည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည် ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံ တစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဓာတ်ပုံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ် နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ်ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

3 comments :

မေ said...

ကြွေပုဂံထဲမှာ ဓါတ်ပုံကို ၂ပုံယှဉ်ပြီးမှောက်ရမှာလား၊ ၁ပုံပေါ်၁ပုံထပ်ပြီးမှောက်ရမှာလား ဆရာ။၁ပုံပေါ်၁ပုံဆိုရင် ဘယ်သူ့ပုံက အောက်က၊ ဘယ်သူ့ပုံက အပေါ်ကထားရမှာလဲ ဆရာ။

ဓါတ်ပုံက လိုင်စင်ပုံ သေးသေးလဲလုပ်လို့ရလား ဆရာ။
ပြီးတော့ ကြွေပုဂံက ဘဲဥပုံဆိုရင်ရောရလားဆရာ။
အိမ်ကဘုရားစင်မှာပဲ ကွာစေ့ဖုံးထားတဲ့ ဓါတ်ပုံပါတဲ့ ကြွေပုဂံကို ကပ်ရမှာလား ဆရာ။

ဘယ်နေ့တွေ၊ ဘယ်အချိန်တွေမှာ စလုပ်သင့်ပါသလဲ ဆရာ။
ဘယ်နှစ်ရက်လောက်ကပ်ရမလဲ၊ဘာတွေ ရွတ်ဆိုရှိခိုးရမလဲဆိုတာ ပြည့်၂စုံ၂လေး ထပ်ရှင်းပြပေးပါဦးဆရာ။

ကျေးဇူးတင်ပါတယ်ဆရာ

ဟိန်းတင့်ဇော်(ဗလာ) said...

မမေသို့...
ဓာတ်ပုံနှစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပြီး ကြွေပုဂံထဲကို ထည့်ရန်ဖြစ်ပါတယ်။ ဘယ်ပုံက အပေါ်က ဘယ်ပုံက အောက်က မလိုပါ။ အဆင်ပြေသလို ထည့်ပါရန်။ လိုင်စင်ပုံလေးတွေနဲ့ အဆင်ပြေပါတယ်။ ကြွေပုဂံပြားဆိုရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့ ထမင်းစား ကြွေပုဂံဖြစ်ပါတယ်။ အဆင်ပြေမည့် မည့်သည့်ဘုရားတွင်မဆို လှူဒါန်းဆက်ကပ်နိုင်ပါသည်။ မည်သည့်နေ့အချိန်မဆို ဆောင်ရွက်လို့ အဆင်ပြေပါတယ်ဗျာ။ ဆုတောင်းရမှာက အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေချောမွေ့ဖို့ ဆုတောင်းပါ။ ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်

မေ said...

ကျေးဇူးတင်ပါတယ် ဆရာ။

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)