မြန်မာပြည် ပြန်ရောက်နေပါတယ်။ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ဖို့ စီစဉ်နေပါတယ်။(09421167282)

သင့်ခန္ဓာကိုယ်ပေါ်က မှဲ့အကြောင်း တစေ့တစောင်း

တစ်နေ့သ၌ ကျွန်ုပ်၏ ထိုင်းနိုင်ငံ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ ကိုသာအေးဟု အမည်ရသော အမျိုးသားတစ်ဦး ၀င်ရောက်လာလေ၏။ ထိုသူသည် ဗေဒင်လက္ခဏာ ဂမ္ဘီရပညာရပ်များ အထူးဝါသနာပါလျှက် နေရပ်မျိုးစုံ ဆရာသမားမျိုးစုံတို့ထံတွင် လိုက်လံလေ့လာ လိုက်စားနေသူလည်း ဖြစ်လေ၏။ ယခုလည်း ကျွန်ုပ်သည် ဆရာကြီးမင်းသိင်္ခ၏ တပည့်တစ်ဦး ဖြစ်သည်ဟူသော သတင်းကို ကြားသဖြင့် ရောက်လာခြင်းပင် ဖြစ်လေ၏။

သူသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာဖြစ်ပြီးလျှင် သူသည် ပညာလိုလားသူတို့၏ ထုံးစံစဉ်လာအတိုင်း မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးလေတော့၏။ ကျွန်ုပ်ကလည်း သိသလောက် တတ်သလောက် ပြန်လည်၍ ဖြေပေး၏။ ထိုသို့ မေးလာခဲ့ရာမှ သူသည် လူသားတို့၏ ခန္ဓာကိုယတွင် ပေါက်ရောက် လေ့ရှိသော မှဲ့များ-စာများ-အမှတ်များအကြောင်း ၊ မှဲ့သျှတ္တရ အကြောင်းများကို မေးလေ တော့၏။ သူသည် အောက်ပါအတိုင်း စတင်၍ မေးလေတော့၏။

ဒီလိုပါဆရာ။ ကျွန်တော်က လောကီပညာ ဂမ္ဘီရပညာရပ်တွေကို ၀ါသနာပါတယ်။ လေ့လာတယ်ဆိုတော့ ကျွန်တော် သိချင်တာတွေကလည်း လေ့လာလို့ကို ကုန်နိုင်တယ်လို့ကို မရှိဘူး။ လိုက်လေ တွေ့လေနဲ့ ကုန်နိုင်တယ်လို့ကို မရှိပါဘူး။ အခုလည်း ကျွန်တော်က မှဲ့အကြောင်းကို စိတ်ဝင်စားတယ်။ အဲဒီတော့ ပထမဦးဆုံး မေးချင်တာက မှဲ့ဆိုတာ လူသားတွေရဲ့ အသားအရည်ပေါ်မှာ သဘာဝအလျှောက် စွဲထင်နေတဲ့ အနီ-အနက်-အစက်-အပြောက်-အဖု အလုံးငယ်လေးလို့ မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ(၃)မှာ ဖော်ပြထား တယ်ဆရာ။ အဲဒီတော့ အရင်ဆုံးသိချင်တာက မှဲ့အကြောင်းတွေကို ဆရာသိသလောက် ပြောပြပါဟု ပြောလေ ၏။ ထိုအခါ ကျွန်ုပ်က...

ဒီလိုကိုသာအေးရဲ့။ မှဲ့က အမျိုးမျိုးရှိတယ်ဗျ။ ပေါက်တဲ့ နေရာကလည်း အမျိုးမျိုးရှိတယ်။ အရောင်ကလည်း အမျိုးမျိုး ရှိတယ်။ မှဲ့ဖြူရယ်- မှဲ့နီရယ်-မှဲ့ညိုရယ်- မှဲ့နက်ရယ်- မှဲ့ဝါရယ် - မှဲ့စိမ်းရယ်လို့ အရောင်အသွေး အားဖြင့် (၆)မျိုး၇ှိတယ်။ အဲဒီမှာ မှဲ့အဖြူကတော့ အရမ်းလည်း မကောင်း အရမ်းလည်း မဆိုးဘူး။ အလယ်အလတ်လောက် သဘောရှိတယ်။ နောက်တစ်ခု မှဲ့နီကြတော့ အရမ်းကောင်းတယ်။ ကောင်းကျိုးပေး တဲ့ နေရာမှာ အရမ်းထူးကဲတယ်။ အဲဒီလိုပဲ တစ်ခါတစ်ရံ မကောင်းကျိုးပေးတဲ့ နေရာမှာလည်း အ၇မ်းမကောင်း ကျိုးပေးတာဗျ။

မှဲ့ညိုရဲ့ သဘောကြတော့ လူတစ်ဘက်သားအပေါ်မှာ ကြင်နာသနားတတ်တယ်။ သစ္စာ သမာဓိ ကြီးမားတတ် တယ်။ မှဲ့အနက်ကြတော့ ကောင်းကျိုးပေးတဲ့နေရာမှာ နည်းတယ်။ မကောင်းကျိုးပေးတဲ့ နေရာမှာ အရမ်း မကောင်းကျိုး ပေးတတ်ကြတယ်။ မှဲ့ဝါကြတော့ နည်းနည်း ရှားတယ်။ စိတ်ကူးယဉ်တဲ့ နေရာမှာ တအားယဉ် တယ်။ အနုပညာနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ ၀ါသနာ အ၇မ်းပါတယ်။ လုပ်မယ်ဆိုရင်လည်း အနုသုခုမ အနုပညာရပ်တွေမှာ အရမ်း အကျိုးပေးတတ်တယ်။ မှဲ့စိမ်းကြတော့ အရမ် မွန်မြတ်တယ်။ အရမ်းကောင်း တယ်။ အထူး ကောင်းကျိုးပေးတတ်တယ်။ ထူးဆန်းတာက ဒီလို မှဲ့စိမ်းတွေဟာ ပါရမီထူးတဲ့ ပုဂ္ဂိုလ်တွေမှာ တွေ့ရတတ်တယ်။ သိဒ္ဓိတို့ စိတ်စွမ်းအင်တို့ မြင့်မားတဲ့ ပုဂ္ဂိုလ်တွေမှာ တွေ့ရတတ်တယ်ဟု မှဲ့အရောင်များနှင့် ပါတ်သက်၍ ပြောပြလိုက်လေ၏။ ကျွန်ုပ်ပြောဆိုသမျှတို့အား ကိုသာအေးသည် ရကော့လုပ်အသံဖမ်းထားလေ ၏။ ထို့နောက် ကျွန်ုပ်က ဆက်လက်၍ အောက်ပါအတိုင်း ဆက်လက် ပြောရ၏။

နောက်ပြီး မှဲခြောက်ရယ်၊ မှဲ့စိုရယ်၊ မှဲ့ရှင်ရယ်ဆိုပြီး သုံးမျိုးရှိသေးတယ်ဗျ။ မှဲ့ခြောက်ကတော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ မကောင်းဘူးဗျ။ ကိုယ့်ခန္ဓာကိုယ်ထဲက အားအင်တစ်ခုခု ဆုတ်ယုတ်နေတဲ့ လက္ခဏာလို့ ဆိုတယ်။ အရောင်အဆင်းက မွဲခြောက်ခြောက်နဲ့ဆိုတော့ ကိုယ့်ရဲ့ အသားအရည် ၊ အလှအပကိုတောင် ဖျက်စီးသလို ဖြစ်နေတယ်။ မှဲကစိုကြတော့ အသားအရည်ပေါ်ကနေ ကြွတက်နေတယ်။ အရောင်အဆင်း စိုစိုပြေပြလေးနဲ့ ကိုယ့်အသားအရည်ကိုတောင် ကျက်သရေတိုးနေတယ်ဗျ။ မှဲ့ရှင်ကြတော့ ပုံသေမရှိဘူး။ အရာအားလုံးက ပြောင်းလဲနေတတ်တယ်။ အရောင်လည်း ခုနက ပြောထားခဲ့တဲ့ အရောင် (၆)မျိုးထဲကနေ တစ်မျိုးမဟုတ် တစ်မျိုး ပြောင်းလဲနေတတ်တယ်။ နေရာလည်း ရွေ့သွားတတ်တယ်။ အနေအထားကတော့ စိမ်းစိုနေတယ်။ သူရဲ့ အာနိသင်ကတော့ ကောင်းကျိုးပေးရင်လည်း အလါန်အကျွံပေးတတ်သလို မကောင်းကျိုးပေးတဲ့ နေရာမှာလဲ အလွန်အကျွံ မကောင်းကျိုး ပေးတတ်တယ်။ မြန်မအဘိဓာန်မှာ မှဲ့ရှင်ကို ဘယ်လို ပြောထားသလဲဆိုတော့ ပေါ်လိုက်ပျောက်လိုက် နေရာပြောင်းလိုက် ဖြစ်တတ်သော မှဲ့မျိုးလို့ ဖွင့်ဆိုထားတယ်ဗျဟု ကျွန်ုပ်က ပြောလိုက်၏။ ထိုပနောက် ကျွန်ုပ်ကော ကိုသာအေးပါ နှစ်ယောက်လုံး စီးကရက် တစ်ယောက်တစ်လိပ် မီးညှိရှိုက်ဖွာ ကြလေ၏။ ထို့နောက် ကိုသာအေးက...

မှဲ့အကြောင်းကတော့ ဆ၇ာပြောသလောက် တော်တော်လေး စုံသွားပါပြီ။ နောက်တစ်ခု “စာ” ဆိုတာကကော ဘာကိုပြောတာလဲ။ မှဲ့နဲ့ အတူတူပဲလား ဆရာဟု မေးလေ၏။

ဒီလို ကိုသာအေးရဲ့။ တစ်ချို့က မှဲ့နဲ့ စာနဲ့ အတူတူပဲလို ထင်မှတ်တတ်ကြတယ်။ အမှန်က မတူဘူးဗျ။ အသားအရည်ပေါ်မှာ သဘာဝအတိုင်း စွဲထင်နေတာကတော့ အတူတူပဲ။ တစ်ချို့ကတော့ စာကို မွေးမှတ်လို့ ခေါ်ကြလေရဲ့။ ကလေးလေးတွေ မွေးဖွားစကတည်းက ပါလာတတ်တယ်။ သူလည်း အရောင်လေးတွေနဲ့ပဲ။ အနီမှတ်၊ အဖြူမှတ် ၊ အမဲမှတ်လို့ အရောင်တွေနဲ့ ရှိတယ်။ အသားအရည်နဲ့ သူက တညီတညာတည်း ရှိနေတယ်။ တစ်ချိုကဆိုရင် အရုပ်ကလေးတွေလို့တောင် ထင်ရတယ်ဗျ။ တစ်ချိုကဆို တော်တော်တောင် ကြီးတယ်။ တစ်ချိုကဆိုရင် မျက်နှာတစ်ချမ်းလုံး ဖြစ်နေတာကိုတောင် ကျွန်တော် တွေ့ဘူးတယ်။ တစ်ခါတုန်းက ကောင် မလေးတစ်ယောက် မျက်နှာ တစ်ခြမ်းလုံး ဖြစ်နေတာဗျ။ ရုပ်ကလေးကတော်တော် ချောတာ။ ဒါပေမယ့် သူ့ရဲံ မွေးမှတ် အနီရောင်ကြီးက မျက်နှာ တစ်ချမ်းလုံး နေရာ ယူထားတာဗျ။ အဲဒီတော့ သူ့အလှကို ဖျက်သလို ဖြစ်နောတာပေါ့။

နောက်ပြီး အကျိုးပေးတဲ့နေရာမှာလဲ မှဲ့က ယောက်ျားလေး မိန်းကလေး မှ့ပေါက်တဲ့ နေရာခြင်း တူပေမယ့် အကျိုးပေးတာခြင်းကြတော့ မတူပြန်ဘူးဗျ။ ဥပမာဗျာ....ယောက်ျားလေး နဖူးပြင် အလယ်တည့်တည့်မှာ မှဲ့ပေါက်ရင် စစ်မှု့ထမ်းရရင် ရာထူးကြီးကြီး ၇တတ်တယ်။ နွားပြိုင်ပွတြွေမှာ အနိုင်ရပြီး ချမ်းသာမယ်လို့ ဆိုတယ်ဗျ။ ဒါပေမယ့် မိန်းကလေး နဖူးပြင အလယ်တည့်တည့်မှာ မှဲ့ ပေါက်ရင်တော့ လင်ကောင်းသားကောင်းရမယ်။ အမွေရမယ်လို့ ဆိုတယ်ဗျ။ ဒါကြောင့် မှဲ့နဲ့ ပါတ်သက်ပြီး လေ့လာရရင် ယောက်ျားလေး မိန်းကလေး ခွဲပြီး လေ့လာမှ ရမယ်ဟု ပြောလိုက်၏။ ထိုအခါ ကိုသာအေးက

ဟုတ်ပါပြီ ဆရာရယ်။ အဲဒီလောက် သိရရင်ပဲ တော်တော်လေး ကျေးဇူးတင်ပါတယ်။ နောက်နေ့ကြမှ အသေးစိတ် ထပ်လာမေးပါဦးမယ်။ အခုလို ပြောပြပေးခဲ့တာတွေကိုလည်း မှတ်ထားပါ့မယ်။ဟု ပြောဆိုကာ ကျွနိုပ်အား ကျေးဇူးတင်စကားများ ပြောဆို၍ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းမှ ပြန်သွားလေတော့ သတည်း။

မိတ်ဆွေများခင်းဗျား..... မည်သူမဆို မိမိ၏ ခန္ဓာကို မည်သည့်နေရာတွင်မဆို ရှိနေသော မှဲ့များ၏ ကောင်းကျိုး ဆိုးကျိုးများကို သိရှိလိုပါက ဒီနေရာလေးကနေ ယောက်ျား မိန်းမ ခွဲခြမ်း၍ မေးမြန်းနိုင်ပါတယ်။ အားရင် အားသလို အချိန်ရရင် ရသလို ကျွန်ုပ်မှ ၀င်ရောက် ဖြေဆိုပေးထားမည် ဖြစ်ပါကြောင်း........

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

7 comments :

Anonymous said...

ဆရာ
ဘယ်ဘက်နှာခေါင်းဘေးကမှဲ့အနက်အကြောင်းသိချင်
ပါတယ်။အဖြေရှာပေးပါ။

Anonymous said...

ဆရာ
ဘယ်ဘက်ပေါင်ရင်းနဲ့ပေါင်လည်လောက်မှာမှဲ့အညိုနှစ်ခုကကောင်းပါသလား။အဖြေပို့ပေးပါ

smallwai wai said...

ဆရာ ကျွန်တော်မှာဆီးခုံဘယ်ဖက်မှာအနက်ရောင်မှဲ့တစ်လုံးရျှနေပါတယ် ဘယ်လိုများအကြိုးသက်ရောက်မှုရှိပါသလဲ ကျေးဇူပြု အဖြေပြန်ပို့ပေးပါ

smallwai wai said...

ဆရာ ကျွန်တော်မှာဆီးခုံဘယ်ဖက်မှာအနက်ရောင်မှဲ့တစ်လုံးရျှနေပါတယ် ဘယ်လိုများအကြိုးသက်ရောက်မှုရှိပါသလဲ ကျေးဇူပြု အဖြေပြန်ပို့ပေးပါ

Aung Aungaung said...

ဆရာညာဘက်မျက်စေ့ညာဘက်ထောင့်အောက်မှိရှိရင်ဘာဖြစ်တတ်လဲဆရာ

La Min said...

အမျိုးသားလိင်အင်္ဂါမှဲ့ ပါရင်ဘာတွေဖြစ်တတ်ပါသလဲ။ အဖျားဆိုရင်ဘာဖြစ်နိုင်လဲ အလယ်ဆိုရင်ဘာဖြစ် နိုင်လဲ အရင်းဆိုရင်ဘာဖြစ်နိုင်လဲ ဖြေကြားပေးပါ။


anyarthar 152@g.mail.com said...

ကျွန်မ လည်ပင်းမှာမှဲ့ရှိနေတယ် ဆရာ၊အညိုရောင်ပါ။လက်တံအောက် မှာလည်းမှဲ့ ရှိတယ် ဆရာ အညိုပဲ။အဲဒါ ဘာဖြစ်တတ်လဲဟင်။

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)