မြန်မာပြည် ပြန်ရောက်နေပါတယ်။ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ဖို့ စီစဉ်နေပါတယ်။(09421167282)

(17)ဓူဝံကြယ် ( The Star )

ဓူဝံကြယ်တွင် ထောင့်ချွန်းရှစ်ခု ဖြာထွက်နေသည်။ ၄င်းသည် အနန္တစွမ်းအားကို ဖော်ဆောင်သည်။ ထို တရာများဘေးတွင် သေးငယ်သော ကြယ်လေး ၇ လုံး ၀န်းရံနေ၏။ မြေပေါ်မှာ ဒူးထောက်နေသော မိန်းမပျိုပေါ်သို့ နေရောင်ခြည် စွမ်းအင်များ စီးဆင်းနေသည်။

သူမ၏ လက်ယာဘက် ခြေထောက်သည် ရေပေါ်၌ ရှိသည်။ လက်ဝဲခြေက မြေပေါ်မှာရှိ၏။ ရေကရား နှစ်လုံးမှ သက်စောင့်ဓာတ်ရေများကို မြေကြီးပေါ်သို့ သွန်းလောင်းနေသည်။ မိန်းမပျိုမှာ ငယ်ရွယ် လှပသည်။ မိခင်သဘာဝရှိပြီး ဧကရီနှင့် ဘိက္ခုနီ မယ်တော်ကြီးတို့၏ ကတ်နှင့် တူညီသည် ကတ်ပြား အမှတ် (၈) မှ ခြင်္သေ့ကိုနိုင်သော မိန်းမပျိုနှင့်လည်း တူသည်။

ဦးဆုံးထုတ်သော ကတ်ပြားများတွင် လှပသော ၀တ်လစ်စလစ် အပျိုမတစ်ဦးသည် စမ်းချောင်း၊ သို့မဟုတ် ရေကန်ဘေးတွင် ဒူးထောက်ထိုင်နေကာ အိုးနှစ်လုံးမှ ရေများကို သွန်နေသည့်ပုံဖြစ်၏။ သူ့ခေါင်းအထက်တွင် တောက်ပသော ကြယ်တစ်လုံး ထွန်းလင်းနေကာ ၄င်းဘေးတွင် ကြယ်အသေးလေးများ ၀န်းရံနေ၏။ အချို့ကတ်များတွင် ပန်းပေါ်မှ လိပ်ပြာ၊ သို့မဟုတ် ဖူးပွင့်နေသော ကြာပန်းပုံတွေ ပါသည်။ ကျန်းမာရေးကောင်းမှု၊ သတ္တိရှိမှု၊ အကောင်းမြင်တတ်မှု၊ ချစ်ခင်နှစ်လိုဖွယ် မိတ်ဆွေကောင်းရှိမှုတို့၏ သရုပ်ကို ဆောင်သည်။

ဒီကတ်ပြားမှာ ဓူဝံကြယ် နတ်သမီးဟာ လက်ထဲမှာ ရေအိုး နှစ်လုံးကို ကိုင်ပြီး ကုန်းပေါ်မှာ တစ်လုံး၊ ရေထဲမှာ တစ်လုံး ရေတွေ သွန်လောင်းနေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လောကရဲ့ အ သက်ဓာတ်ကို သွန်လောင်းနေတဲ့ နိမိတ်ပုံ ရယ်လို့ အဆိုရှိပါတယ်။

ကြယ်ဆိုတာ ထွန်းလင်း တောက်ပတဲ့ သဘော ၊ ထင်ရှား အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ် ပါတယ်။ ဒီကတ်ပြားမှာ သတ်ဟယ် ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ် နိမိတ်ပုံ ဆိုးတွေ မပါပါဘူး။ အဲဒါကြောင့် အကောင်းသဘော ဆောင်တဲ့ ကတ်ပြားလို့ ယူဆရမှာ ဖြစ်ပါတယ်။

တားရော့ ကတ်ပြားတွေမှာ အ၀တ် အစား မပါခြင်းဟာ ညစ်ညမ်းတဲ့ သဘောမျိုး မဟုတ် ပါဘူး။ လွတ်လတ် ခြင်းရဲ့ သဘော သဘာဝကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီကတ်ပြားမှာ အောင်မြင်ခြင်း ၊ ဂုဏ်သတင်း ကျော်စောခြင်း ၊ ကျန်းမာခြင်း ဆိုတာတွေကို ထည့်ပြီး ဟောရမှာပေါ့။

နောက်တစ်ခု ကတော့ ကမ္ဘာ့ဂန္ဓာရီ ပညာမှာ ကြယ်ပွင့်ကို လာဘ်ရွင်ခြင်းရဲ့ နိမိတ် အဖြစ် တင်စားလေ့ ရှိပါ တယ်။ အဲဒါကြောင့် ဒီကတ်ပြားဟာ ငွေကြေး လာဘ်လာဘ ရွှင်လန်းခြင်းရဲ့ နိမိတ်ကိုလည်း ဖော်ညွန်းနေပါ တယ်။ အဲဒိတော့ ဘယ်လို မေးခွန်းမျိုးကို ပဲမေးလာ မေးလာ နံပါတ်(၁ရ) ဓူဝံကြယ် တားရော့ ကတ်ပြား ကျလာ ခဲ့ပြီဆိုရင်......

ရမယ် ၊ ဖြစ်မယ် ။ ကောင်းမယ် ၊ အောင်မြင်မယ်လို့ အဟော ထုပ်ရမှာပါပဲ။ ကြယ်ပွင့် လေးတွေဟာ အမှောင်ကြား ထဲက တဖျပ်ဖျပ် ပွင့်နေပါတယ်။ ကံကြမ္မာရဲ့ ပွင့်လန်းခြင်း ၊ လာဘ်လာဘရဲ့ ပွင့်လန်ခြင်း အဓိပ္ပာယ်တွေ နဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို “ကောင်းပွင့်” လို့ အလွယ် မှတ်ထားနိုင်ပါတယ်။

# ကံကြမ္မာ ပွင့်လန်းမည်။ အဘက်ဘက်က အခြေအနေကောင်း ၊ အခွင့် အလန်းကောင်းများ ကြုံလာလိမ့် မည်။
# ငွေကြေး၊ လာဘ်လာဘ လည်း ပွင့်လန်းမည်။ ထီပေါက်သကဲ့သို့ ငွေများ ၀င်လာလိမ့်မည်။
# ၀န်ထမ်း ဆိုလျှင် ရာထူးတက်ခြင်း ၊ အခွင့်အရေး ကောင်းများ ကြုံခြင်းများ ကြုံရမည်။
# ကိုယ်ပိုင် လုပ်ငန်းများ အောင်မြင်မှု့ ကြီးစွာ ကြုံပြီး တိုးချဲ့ရလိမ့်မည်။
# ကျန်းမာရေး ညံ့လျှင် ရက်ပိုင်းအတွင်း ပြန်လည် ကျန်းမာ ကောင်းမွန် သွားလိမ့်မည်။
# နာမည်ဂုဏ်သတင်း ကျော်စောခြင်း ဆုထူး ဘွဲထူး ရခြင်းများ ကြုံရတတ်သည်။
# ငွေများ ၊ ပစ္စည်းများ ၀င်သော်လည်း သဲထဲ ရေသွန် ဆိုသကဲ့သို့ မစုဆောင်း မိခြင်း မမြဲခြင်းများ ကြုံရတတ်သည်။
# လျှပ်စစ် မီးကိစ္စများ စီစဉ်လျှင် အောင်မြင်မည်။
# ရေတွင်း ၊ ရေကန် ၊ ရေပိုက်ကိစ္စများ စီစဉ်လျှင် အောင်မြင်မည် ဆိုတဲ့ ဟောချက်မျိုးတွေကို အပိုင် အနိုင် ဟောနိုင်ပေတာပေါ့ဗျာ.......။

ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...

၁။ နာမည်ကြီးထမင်းငတ်ဆိုသကဲ့သို့ဖြစ်မည်။
၂။ အိမ်၌ လျှပ်စစ်ရှော့ဖြစ်လိမ့်မည်။
၃။ ကြွေးကိစ္စ စကားအချေအတင်ပြောရတတ်သည်။
၎။ ကျား-သွားရောဂါဒုက္ခပေးမည်။ မ-သွေးရောဂါ ဒုက္ခပေးမည်။
၅။ လူပွေလူရှုပ်များ အိမ်သို့ ရောက်လာမည်။ ရောက်လျှင်နှစ်ကြိမ်ရောက်မည်။
၆။ မိတ်ဆွေကောင်းနှစ်ဦး တစ်ပြိုင်တည်းရမည်။
၇။ ထူးဆန်းသော အသိပညာထူးတစ်ခုရမည်။
၈။ စိတ်ညစ်စရာ နှစ်ကြိမ်ပေါ်မည်။
၉။ ခရီးမထွင်ချင်ဘဲ နှစ်ကြိမ်ထွက်ရမည်။
၁၀။ ငွေများဝင်လျက် ကြွေးတင်နေမည်။ ကြီးကြီးမားမား ပေးဆပ်ရန် ကြွေးနှစ်ခုရှိမည်။
၁၁။ နာမည်အလွန်ကြီးသွားမည်။ ကောင်သောကြီးခြင်းဖြစ်မည်။
၁၂။ မိမိ လုပ်သောအလုပ်တွင် နှစ်ကြိမ်ဆုံးရှုံးဖြစ်မည်။
၁၃။ တစ်အိမ်သားလုံးကျန်းမာရေး ညံ့မည်။
၁၄။ ဆေးရုံ၊ ဆေးခန်းတက်ရောက်ကုသရခြင်းအထိ ကျန်းမာရေးညံ့မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။ ထင်ထင်ရှားရှား အောင်မြင်ပါလိမ့်မည်။

0 comments :

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)