မြန်မာစာအုပ်ပေါင်း (၈၀၀၀)ကျော် ရှိပါတယ်။ အားလုံးကို မီဒီယာဖိုင်းမှာ အပ်ပလို တင်ပြီးပါပြီ။ အခု ၀က်ဆိုက်မှာ တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်

မြန်မာစာအုပ်ပေါင်း (၃၀၀၀) ကျော်

လေးစားအပ်သော မိတ်ဆွေများခင်ဗျာ...

ကျွန်တော်ဟာ မြန်မာပြည်သားအားလုံးအတွက် စာကြည့်တိုက်တစ်ခုကို ကြိုးစား အားထုတ်နေသည်မှာ ကာလ အတော်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ ၀က်ဆိုက် နည်းပညာများကို နကန်းတစ်လုံးမှ မတတ်သော ကျွန်ုပ်အဖို့ တော်တော်လေး အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။ အခုနောက်ဆုံး ကြံရာမရသည့် အဆုံးတွင် www.medi afire.com တွင် တစ်နှစ်စာ ၀ယ်ယူ၍ အသစ်ပြန်လည် တင်ပေးလိုက်ပါတယ်။ အဲဒီဆိုက်မှာက free အကောင့်လဲ ဖွင့်လို့ရပါတယ်။ ဒါပေမယ့် အခုတင်ထားတဲ့ မြန်မာစာအုပ်များ ရေရှည် တည်တန့်ပါစေခြင်း အကျိုးငှာ ၀ယ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကို လုပ်ရတာ တော်တော်လေးကို ပင်ပန်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းရကျိုး နပ်ပါတယ်။

နောက်တစ်ခု ပြောဆိုလိုသည်မှာ ဒီမှာတင်ထားတဲ့ စာအုပ်များသည် အွန်လိုင်းမှာ ရှေးမဆွကပင် ဖရီး မျှဝေထားသော စာအုပ်များဖြစ်ပါသည်။ ထိုစာအုပ်များကို စကားဝါမြေအွန်လိုင်း စာကြည့်တိုက်နှင့် ဘားမိကလပ်စစ် ၀က်ဆိုက်များမှ အများအားဖြင့် ဒေါင်းလော့ လုပ်ယူထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဝက်ဆိုက်များအား၎င်း စာအုပ်များကို ပြုလုပ်မျှဝေ ပေးထားသော အခြားဝက်ဆိုက်များ အားလုံးကို၎င်း ကျေးဇူး အထူးတင်ရှိပါကြောင်း ဒီနေရာလေးမှ ပြောကြားလိုပါတယ်။

စာအုပ်များအားလုံးကို တတ်နိုင်သလောက် စာရေးဆရာ အမည်များနှင့် ခွဲခြားတင်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ချက်များ ရှိနေပါသေးတယ်။ ဒါကြောင့် စာအုပ်ရှာဖွေသော အခါတွင် အခက်အခဲများ ရှိနိုင်ပါတယ်။ စာရေးဆရာ အမည်များတွင် မပါဝင်သော စာအုပ်များကို ဘာသာရေး ၊ ပုံပြင် စသည်ဖြင့် အမျိုးအစား ခွဲခြားထားပါတယ်။ အဆင်ပြေတယ် အဆင်မပြေဘူး ကော်မန့်လေးတစ်ကြောင်းလောက် ပြောကြားပေးစေလိုပါတယ်။... နောင်လဲ စာအုပ်များကို ဆက်လက် အပ်ပဒိတ် ထပ်ဖြည့် တင်ပေးနေပါမည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(မှတ်ချက် - ကျေးဇူးပြု၍ ဒေါင်းလော့လင့်များကို ဒါရိုက်ချိတ်ဆက်၍ မိမိတို့ ဘလော့ စာမျက်နှာများတွင် မမျှဝေကြပါရန် မေတ္တာရပ်ခံပါသည်)

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့

စာအုပ်များဖတ်ရန် ဒီမှာ သွားလိုက်ပါ။

 
လိုအပ်သောဆော့ဝဲများဒေါင်းလော့လုပ်ရန်...


Internet Download Manager v6.11.8-BRD


31 comments :

Ma said...

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်..ကို..သတိရမိတယ်..။သုတ/ရသ..ပြည့်စုံပါတယ်..။တစ်အုပ်ချင်းဖတ်ပါ့မယ်..။စေတနာအကြောင်းတရားကြောင့်..ကောင်းသော..မွန်မြတ်သော..အကျိုးတရားများ..ပိတ်ထားတဲ့တံခါးကိုတောင်..ခေါက်ပြီးဝင်ရောက်လာပါလိမ့်မယ်..။......
မိုးမိုးအင်းလျား၏စာဖတ်ပရိသတ်တစ်ဦး
မခင်မိုးညို

theintun said...

ကျေးဇူးတင်ပါတယ်ဦးမောင်မောင်လေးရဲ.ဘာသာရေးစာအုပ်တွေရှိရင်တင်ပေးစေလိုပါတယ်

Anonymous said...

စာအုပ်တွေဖတ်ခွင့်ရတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်

Anonymous said...

အတိုင်းမသိ ကျေးဇူးပါ

Anonymous said...

စာအုပ်တွေအတွက်ကျေးဇူးတင်မိပါတယ်။ လိုချင်တဲ့စာအုပ်ကိုတောင်းဆိုလို့ရပါသလား။ တကယ်လို့ရခဲ့ရင် အာရပ်-အစ္စရေး(၆)ရက်စစ်ပွဲအကြောင်း စာအုပ်ကိုတင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Anonymous said...

စာအုပ်များကို လွယ်ကူစွာ ဒေါင်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..
တချို့ဆိုဒ်တွေမှာ ဆိုလျှင် အဆင့်ဆင့် လိုက်ဒေါင်းနေရလို့ ခုလောက် အဆင်မပြေဘူးဗျာ.. ဒီနေ့မှပဲ ဒီဆိုဒ်ကို တည့်တည့် တိုးတော့တယ်..
အောင်မြင်ပါစေ ..

Anonymous said...

အလွန်ကောင်းပါတယ်ခင်ဗျာ... ကျေးဇူးအထူးတင်ပါတယ်.....အောင်မြင်ပါစေ လို့လဲ ဆုတောင်းပေးပါတယ်....

Unknown said...

ဆရာမကြီးဒဂုံခင်ခင်လေးရေးသော မှော်ဆရာမှတ်တမ်း ပေါင်းချုပ်အတွဲများ ရလျှင်တင်ပေးစေလိုပါတယ် စာအုပ်များအတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.. .အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်....

Anonymous said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဆရာဦးသိနးလွင်ရဲ့ a guide to sentence construction စာအုပ်တင်ပေးစေချင်ပါတယ်ခင်ဗျာ ။Mandalay မှာဝယ်လို့ မရလို့ ပါခင်ဗျာ။

Yu Chan Myae said...

Thank you so much,brother. I left my books at home and i don't need to miss them anymore. Thanks again.

AUNG KYAW KYAW said...


မြန်မာနိုင်ငံသားတွေ အားလုံးကိုယ်စားကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ

Anonymous said...

ဖြစ် နိုင် ရင် မောင် သန်း ဆွေ ( ထား ၀ယ် ) ရဲ့ ရာ ဇ ၀င် စာ အုပ် လေး တွေ တင် ပေး စေ ချင် ပါ တယ်၊ ကျေး ဇူး တင် ပါ တယ်

TTA said...

I want to read the book that is "The last days of Tha Khin Than Htun and other political books. Plz upload that book if possible.

With regard.

yangon tarlay said...

ဒီလိုမျိုး လူအများလွယ်ကူစွာဖတ်လို့ရအောင် စေတနာအရင်းမှန်နဲ့ တင်ထားပေးတာ အားလုံးအတွက်ကျေးဇူးအရမ်းတင်ပါတယ် ကျွန်တော်လည်း မဟာချိုင်မှာနေတာပါ မိတ်ဆွေလိုလူမျိုးနဲ့ အရမ်း မိတ်ဆွေဖြစ်ချင်ပါတယ် phone namber 0888399420. gmail……yangontarlay99@gmail.com ပါ အားလုံးအတစ်ကျေးဇူးပါ………

yangon tarlay said...

အကိုရေ အနော်ကလည်း မဟာချိုင်မှာနေပါတယ် phone namber 0888399420 ပါအကို အကို့လိုလူမျိုးကို ခင်ချင်ပါတယ်

yangon tarlay said...

ဒီလိုမျိုး လူအများလွယ်ကူစွာဖတ်လို့ရအောင် စေတနာအရင်းမှန်နဲ့ တင်ထားပေးတာ အားလုံးအတွက်ကျေးဇူးအရမ်းတင်ပါတယ် ကျွန်တော်လည်း မဟာချိုင်မှာနေတာပါ မိတ်ဆွေလိုလူမျိုးနဲ့ အရမ်း မိတ်ဆွေဖြစ်ချင်ပါတယ် phone namber 0888399420. gmail……yangontarlay99@gmail.com ပါ အားလုံးအတစ်ကျေးဇူးပါ………

Anonymous said...

ကျွန်တော် စာရေး ဆရာ နာမည်တော့ မမှတ်မိဘူးဖြစ်နေတယ် အစ္စရေး နိုင်ငံအကြောင်းလေးပါ....စာအုပ်နာမည် ကတော့ နိုင်ငံတစ်ခုတည်ဆောက်ခြင်းပါ
ဖြစ်နိုင်ရင် တင်ပေးပါဗျာ ဘာသာပြန် အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်

Anonymous said...

ဒီ ဆိုဒ်ကို အခုမှ ၀င်ဖူးပါသည်။ စာအုပ်များ ကို ပြည့်ပြည့်စုံစုံ စေတနာအပြည့် နဲ့တင်ထားပေးသော ဆရာ့ ကိုလည်းကျေးဇူး အထူးတင်ပါ သည်။ ဆရာ အောင်မြင်ပါစေ ...

Anonymous said...

တူသောအကြိုးရပါစေ

mgkhin zaw said...

ကျိုးစားခြင်းဖြင့်ရလာသော ပီတိကို ချို မြိန်စွာ သောက်သုံးနိုင် ပါစေ

Anonymous said...

လူပီသသောသူဖြစ်ပါပြီ

အိုသွေးညို said...

ကျွန်တော်က ဘာသာပြန်စာအုပ်တွေဒီထက်ဖတ်ချင်ပါတယ်ခုလိုအားလုံးအဆင်ပြေအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

Anonymous said...

စာအုပ်တွေအတွက်အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်

ကိုရန်လေး said...

ကျေဇူးတင်ပါတယ်...ဒေါင်းသွားပါတယ်...

min zaw said...

thanks

min zaw said...

စဆွဲပါပြီ

Anonymous said...

mite mite mite mite

khun moe said...

စာအုပ်တွေဒေါင်းသွားပါတယ်ဒီလိုစာအုပ်တွေအများကြီးတင်ပေးတဲ့အတွက်လည်းကျေးဇှုးတင်ပါတယ်စာအုပ်တွေလည်းအရမ်းကောင်းတော့အများကြီးဒေါင်းလိုက်ပီ

khun moe said...

thanks

Anonymous said...

ကျေးဇှုးတင်ပါတယ် စာအုပ်တွေအများကြီးတင်ပေးတဲ့အတွက်ပါ စာအုပ်တွေကလည်းဖတ်ရတာအရမ်းကောင်းတယ် စုံလည်းစုံပါတယ် စာအုပ်တော်တော်များကိုလည်းဒေါင်းသွားပါတယ် ရည်ရွှယ်ချက်တွေလည်းအောင်မြင်ပါစေဗျာ

စိုးမိုးသူ said...

စာအုပ်ခေါင်းစဉ်တွေချည်းဖတ်လို့ရရင်ကောင်းမယ်နော်။စာရေးဆရာမသိလည်း စာအုပ်ခေါင်းစဉ်ကြည့်ပြီး ဒေါင်းချင်လို့ပါ။ကျေးဇူးတင်ပါတယ်။

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)